Press release 19 Aug 2020

yatharသည်မြန်မာနိုင်ငံ၏Food Delivery Service တစ်ခုဖြစ်သော Hi-So နှင့်အတူစီးပွားရေးမဟာမိတ်ဖွဲ့ခြင်း

yatharသည်မြန်မာနိုင်ငံ၏Food Delivery Service တစ်ခုဖြစ်သော Hi-So နှင့်အတူစီးပွားရေးမဟာမိတ်ဖွဲ့ခြင်း | yathar

မြန်မာနိုင်ငံအတွင်းဈေးကွက်ရှယ်ယာနံပါတ်(၁)နေရာကိုရောက်ရှိနေသော အစားအသောက်နှင့်အလှအပဆိုင်ရာ ပလပ်ဖောင်းဖြစ်သော “yathar” ကိုဖြန့်ဖြူးထုတ်ဝေသော yathar Myanmar Co., Ltd. (ရုံးချုပ် - ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ ။)၊ yathar Pte. Ltd. (ရုံးချုပ် - စင်္ကာပူနိုင်ငံ) ၏ရုံးခွဲ၊ မန်နေးဂျင်းဒါရိုက်တာ - Shunsuke Ichikawa) သည် မြန်မာနိုင်ငံအတွင်းအစားအစာနှင့် အွန်လိုင်းဈေးဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ဆောင်လျက်ရှိသော Hi-So Co., Ltd. (Hi-So) နှင့်လုပ်ငန်းမိတ်ဖွဲ့ပြီး Hi-So မှဝန်ဆောင်မှုပေးသော အစားအစာပို့ဆောင်ရေးဝန်ဆောင်မှု “Hi-so Food” ကို yathar ၏ဝန်ဆောင်မှုတစ်ခုအဖြစ်ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်းကိုအသိပေးကြောင်းကြားအပ်ပါသည်။

ဝန်ဆောင်မှုခြုံငုံသုံးသပ်ချက်



yathar သည် မြန်မာနိုင်ငံ၌အခြေပြုလုပ်ကိုင်လျက်ရှိသော အစားအသောက်နှင့်အလှအပရေးရာပလပ်ဖောင်း တစ်ခုအဖြစ်ပြည်တွင်း ဒေါင်းလုပ်ပြုလုပ်သုံးစွဲသူအရေအတွက်သည်နံပါတ်(၁)နေရာရောက်ရှိနေသည့်အတွက် စားသောက်ဆိုင်များနှင့်အလှအပလုပ်ငန်းများအတွက်များစွာအထောက်အကူဖြစ်လျက်ရှိပါသည်။
* Google Play နှင့် App Store မှတဆင့်မြန်မာနိုင်ငံကိုအစပြုပြီးထုတ်လုပ်ထားသော “Food & Drink” မာတိကာတွင်ရှိ သော App တစ်ခုအဖြစ်ရှာဖွေအသုံးပြုနိုင်မည်ဖြစ်သည်။
Hi-So သည် မြန်မာနိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အစားအသောက်ပို့ဆောင် ပေးခြင်း၊ အွန်လိုင်းရှော့ပင်းဝန်ဆောင်မှုပေးခြင်း တို့ကိုလုပ်ကိုင်လျက်ရှိပါသည်။
ယခုအချိန်မြန်မာနိုင်ငံရှိမြို့ပြဒေသများတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိခြင်း၊ ကိုရိုနာဗိုင်းရပ်ရောဂါ အသစ်ဖြစ်ပေါ်လာသောကြောင့်စိုးရိမ်ပူပန်မှုများကိုကျော်ဖြတ်ရန်Deliveryဝန်ဆောင်မှုသည်ပိုမိုတွင်ကျယ်လာ သည်နှင့်အညီ စားသောက်ဆိုင်များ၏ရောင်းအားတိုးတက်စေရန်အတွက် ထိုဝန်ဆောင်မှုအားထည့်သွင်းဖြည့် စွက်ပြီး တဖက်တလမ်းမှအထောက်အကူပေးနိုင်ရန် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယခုလိုလက်တွဲလုပ်ဆောင်ခဲ့သည့်အတွက် yathar တွင်Deliveryကိုမိမိကိုယ်ပိုင်ဆိုင်မှပေးပို့သည့်စနစ်အတွက်ကိုလည်းကောင်း၊ Hi-Soနှင့်လက်တွဲထားသောဆိုင်များအတွက်သော်လည်းကောင်း Delivery အတွက်လိုအပ် သည့်နည်းပညာကိုထည့်သွင်းပြုလုပ်ထားသည့်အားလျော်စွာ မိမိလိုချင်သောဝန်ဆောင်မှုကိုအသုံးပြုနိုင်မှာဖြစ်ပါသည်။
ထို့အပြင် yathar မှဆိုင်၏အချက်အလက်များကို Hi-Soသို့မျှဝေအသုံးပြုသွားမည်ဖြစ်သည့်အတွက် အသုံးပြုသူများ၏ဈေးဝယ်အတွေ့အကြုံ၊ အဆင်ပြေချောမွေ့မှုများမှရရှိလာသောတုံ့ပြန်ချက်များကိုအခြေပြုပြီး ဆိုင်ရှင်များမှလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အထောက်အကူပြုလိမ့်မည်ဖြစ်သည်။

yathar ကုမ္ပဏီအကျဉ်းချုပ်



・ဝန်ဆောင်မှုအမည် : Yathar (မြန်မာဘာသာစကားမှာ “အရသာ”ကို ဆိုလိုသည်။)
・Website:https://yathar.com

yathar Pte. Ltd.
တည်နေရာ - စင်္ကာပူနိုင်ငံ
ကိုယ်စားလှယ် - Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၈၉.၅ သိန်း
စတင်သည့်နေ့ - ၂၀၂၀ခုနှစ် ဧပြီလ
yathar Myanmar Co., Ltd.
တည်နေရာ - အမှတ်(၁၇)၊ ၅လွှာ၊ ကွက်သစ်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ကိုယ်စားလှယ် - Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၁၀သိန်း၆သောင်း
စတင်သည့်နေ့ - ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ

Hi-So ကုမ္ပဏီအကျဉ်းချုပ်


Hi-So Co., Ltd.
တည်နေရာ - မြန်မာနိုင်ငံ
ကိုယ်စားလှယ် - Kenta Takada
စတင်သည့်နေ့ - ၂၀၂၀ ခုနှစ် ဇန်နဝါရီလ
မြန်မာနိုင်ငံ/ရန်ကုန်မြို့အတွင်းရှိ အစားအစာ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ အလှကုန်များ အစရှိ
သော လိုအပ်သူများထံသို့ ပို့ဆောင်ပေးသော ပလပ်ဖောင်း(Hi-So)ကိုစတင်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခု
လက်ရှိတွင်ဆိုင်ပေါင်း၇၀၀ကျော်နှင့်လက်တွဲလုပ်ကိုင်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ်အောက်တိုဘာလတွင်
ထိုဝန်ဆောင်မှုကိုစတင်ခဲ့ပြီး လတိုင်းလတိုင်းပို့ဆောင်မှာယူသူအရေအတွက်မှာ ပျမ်းမျှ(၂)ဆနှုန်းဖြင့် အမြဲ တိုးတက်လျက်ရှိပါသည်။

■Hi-So Mall App
iOS
https://apps.apple.com/us/app/hi-so-mall/id1462165545
Android
https://play.google.com/store/apps/details?id=com.hiso.user

(အထက်ပါသတင်းနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက)


yathar Myanmar Co., Ltd.
တာဝန်ခံ - မခင်မြင့်မြင့်ခိုင်
ဖုန်း - +၉၅ ၁ ၈၆၁ ၀၇၃၈
အီးမေး(လ်) – info@yathar.com
Hi-So
တာဝန်ခံ - Nakajima
အီးမေး(လ်) - info@hi-so.net